အနာဂတ်ခေတ်မှာ 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 (𝐀𝐈) တွေက ဆရာဝန်တွေကို အစားထိုးလာနိုင်သလား?

အနာဂတ်ခေတ်မှာ 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 (𝐀𝐈) တွေက ဆရာဝန်တွေကို အစားထိုးလာနိုင်သလား?

May 28, 2025

အနာဂတ်မှာ AI က ဆရာဝန်တွေကို အစားထိုးနိုင်မလား?

ဒီမေးခွန်းက ဆေးပညာလောကမှာ အပူတပြင်း ဆွေးနွေးနေကြတဲ့ အကြောင်းအရာပါ။ AI နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆရာဝန်တွေရဲ့ အခန်းကဏ္ဍကို AI က လုံးဝအစားထိုးသွားနိုင်မလား? ဒါမှမဟုတ် လူနဲ့ AI နဲ့ ပေါင်းပြီး ပိုကောင်းတဲ့ ဆေးကုသမှုမျိုး ဖြစ်လာမလား? -----

ဒါဆိုရင် AI က ဘယ်နေရာတွေမှာ ဆရာဝန်တွေထက် သာလွန်နေပြီလဲ?

1. ရောဂါရှာဖွေခြင်း AI က ဓာတ်မှန်၊ MRI ပုံရိပ်တွေကနေ ကင်ဆာအကျိတ်၊ အရိုးကျိုးမှုတွေကို လူထက် 95% အထိ တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ပါတယ်။

2. ဆေးကုသမှု အစီအစဉ်ရေးဆွဲခြင်းIBM Watson လို AI တွေက လူနာရဲ့ မျိုးရိုးဗီဇ၊ ရောဂါရာဇဝင်တွေကို ထည့်သွင်း ဆန်းစစ်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း အကောင်းဆုံးကုသမှုနည်းလမ်း ကို အကြံပြုနိုင်ပါတယ်။

3. ခွဲစိတ်မှုများAI နဲ့ထိန်းချုပ်တဲ့ စက်ရုပ်တွေက သေးငယ်ပြီး တိကျတဲ့ ခွဲစိတ်မှုတွေ (ဥပမာ - ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်မှု) ကို လုပ်ဆောင်လာနိုင်နေပြီ ဖြစ်ပါတယ်။

----- ဒါပေမယ့်... AI က ဒီအရာတွေကို အခုချိန်ထိ လုံးဝမလုပ်နိုင်သေးပါဘူး!

1. လူနာနဲ့ လူသားဆန်တဲ့ ဆက်ဆံရေးAI မှာ စာနာမှု၊ ကရုဏာ၊ အားပေးမှုနဲ့ နှစ်သိမ့်ပေးနိုင်စွမ်း တွေ မရှိပါဘူး။ လူနာတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း AI က နားလည်ဖို့ ခက်ပါတယ်။

2. ရှားပါးရောဂါများ AI ထဲမှာရှိတဲ့ အသိဉာဏ်ဟာ လူတွေကပဲ ဖန်တီးပေးတာမို့လို့ တွေ့ရခဲပြီး ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေကို အတွေ့အကြုံရှိ ဆရာဝန်တွေလို ဖော်ထုတ်နိုင်စွမ်း မရှိသေးပါဘူး။

3. အရေးပေါ်အခြေအနေများ ရုတ်တရက် အရေးပေါ် ဆေးကုသမှုလိုအပ်တဲ့ အခြေအနေတွေမှာ လူသားဆရာဝန်တွေရဲ့ တုံ့ပြန်နိုင်စွမ်းကို AI က မယှဉ်နိုင်သေးသလို အရေးပေါ်အခြေအနေမှန်းလည်း သိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

4. တာဝန်ယူမှု တာဝန်ခံမှုအကယ်၍ လူသားဆရာဝန်တစ်ဦးရဲ့ အမှားလိုမျိုး AI က ဆေးကုသရင်း မတော်တဆ မှားယွင်းသွားခဲ့ရင် AI ကို တာဝန်ယူဖြေရှင်းခိုင်းဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။-----

ဒီလိုဆို အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ? AI + ဆရာဝန် = Super DoctorAI က ဆရာဝန်တွေကို ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ ရောဂါရှာဖွေမှု တွေမှာ အထောက်အကူပြုပြီး၊ ဆရာဝန်တွေက လူနာနဲ့လူသားဆန်တဲ့ ဆက်ဆံမှု နဲ့ ကုသမှုဆုံးဖြတ်ချက်တွေမှာ ပိုပြီးအာရုံစိုက်လာနိုင်မှာ ဖြစ်ပါတယ်။

AI က ဆရာဝန်တွေကို အစားထိုးမှာမဟုတ်ဘူး… AI ကိုအသုံးပြုတတ်တဲ့ ဆရာဝန်တွေကသာ အသုံးမပြုတတ်တဲ့ ဆရာဝန်တွေနေရာကို အစားထိုးသွားမှာပါ!

အကယ်၍ နည်းပညာကပိုမိုတိုးတက်လာပြီး AI ထည့်သွင်းထားတဲ့ စက်ရုပ်ကသာ လူသားတစ်ယောက်လို ပြုမှုပြောဆို ဆက်ဆံတတ်လာခဲ့ရင်၊ AI မှာ စိတ်ခံစားချက်တွေ ပေါ်ပေါက်အောင် ဖန်တီးလာနိုင်ခဲ့ရင်တော့…

-----"AI နဲ့ ဆရာဝန်တွေ အတူတူအလုပ်လုပ်မယ်ဆိုရင် အနာဂတ်ဆေးကုသမှုစနစ် ပိုမိုကောင်းမွန်လာမယ်လို့ ထင်ပါသလား?" “လူသားဆရာဝန်တွေအစား AI ကို သင့်ကျန်းမာရေးကို တာဝန်ယူ ကုသခိုင်းနိုင်ပါ့မလား?”

Filed Under #Digital Marketing#Dr Nathan Marketing

Share This Insight