ဆေးဝါးပစ္စည်းတွေ ရောင်းအားကောင်းစေရမယ်

ဆေးဝါးပစ္စည်းတွေ ရောင်းအားကောင်းစေရမယ်

November 24, 2025

ဆေးဝါးပစ္စည်းတွေ၊ ကုသမှုတွေကို 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 မှာ ကြော်ငြာတဲ့အခါ ကန့်သတ်ခံရတာ၊ 𝐑𝐞𝐚𝐜𝐡 ကျတာ၊ ပြီးတော့ အဆိုးဆုံးကတော့ ကြော်ငြာတဲ့ 𝐏𝐚𝐠𝐞 တွေပါ ဖျက်ခံရတဲ့အထိ ကြုံတွေ့နေရပါတယ်။ အဲ့ဒီတော့ ကိုယ့်ပစ္စည်းမရောင်းရတဲ့အပြင် မိအေးနှစ်ခါနာအဖြစ်မျိုးတွေ ကြုံလာရတာပေါ့။

ဒါတွေကို ရှောင်ရှားနိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြရင်း ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်ရတာလဲဆိုတာပါ တစ်ခါတည်း ရှင်းပြပေးသွားမှာပါ။

၁) အလွန်အမင်းကြော်ငြာခြင်း"ပျောက်ကင်းစေတယ်"၊ "အာမခံတယ်" ဒါမှမဟုတ် "၁၀၀% ထိရောက်တယ်" ဆိုတဲ့ လုံးဝဆိုတဲ့ စကားလုံးတွေကို သုံးပြီး ကိုယ့်ပစ္စည်းကို ကြော်ငြာတာတွေက ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေပြီး 𝐏𝐨𝐬𝐭 ကို ကန့်သတ်ခံရတာမျိုးတွေ ဖြစ်စေပါတယ်။ သိပ္ပံနည်းကျ မဟုတ်ဘဲ တရားလွန်ပြောဆိုတာမျိုးကို ရှောင်ကြဉ်ပါ။

၂) ကျန်းမာရေးအခြေအနေများကို စွပ်စွဲပြောဆိုခြင်းရောဂါတွေ (ဆီးချို၊ နှလုံးရောဂါ) နဲ့ အသုံးပြုသူတွေကို ပစ်မှတ်ထားရင် ကြော်ငြာကလည်း ကန့်သတ်ခံရနိုင်ပါတယ်။

၃) 𝐁𝐞𝐟𝐨𝐫𝐞 နဲ့ 𝐀𝐟𝐭𝐞𝐫 ပုံများကို အလွန်အကျွံအသုံးပြုခြင်းကြီးမားတဲ့ ပြောင်းလဲမှုတွေကို ပြနေတဲ့ ရုပ်ပုံတွေ (ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အသားအရေ ပြောင်းလဲမှုတွေ) က 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐨𝐥𝐢𝐜𝐲 ကို ချိုးဖောက်သလိုဖြစ်နေပါတယ်။

၄) ဆေးညွှန်းဆေးဝါးတွေအကြောင်းကို မှားယွင်းစွာ ဖော်ပြခြင်းဆေးညွှန်းဆေးဝါးတွေကို တိုက်ရိုက်ကြော်ငြာတယ်၊ ဆေးပမာဏဆိုင်ရာ အသေးစိတ်တွေ ဖော်ပြတယ်၊ ဒါမှမဟုတ် မိမိကိုယ်ကို ရောဂါရှာဖွေဖို့ အားပေးတိုက်တွန်းတယ်ဆိုရင် မကြာခဏ ပိတ်ပင်တားဆီးခံရတတ်ပါတယ်။

၅) မက်လုံးပေးခြင်း"ဒါသုံးရင်တော့ ဒါဖြစ်မယ်"၊ "ဒါသုံးရင်တော့ ထိခိုက်မယ်" စတဲ့ ခြိမ်းခြောက်သလို မက်လုံးပေးတဲ့ ကြော်ငြာတာမျိုးတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဆရာဝန်များကြီးကြပ်ပြီး ကျန်းမာရေးနယ်ပယ်တစ်ခုတည်းကိုသာ ဆယ်စုနှစ်တစ်ခုကြာ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဝန်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ 𝐃𝐫. 𝐍𝐚𝐭𝐡𝐚𝐧 နဲ့ဆိုရင် ကိုယ့် 𝐁𝐫𝐚𝐧𝐝 ကို မှန်မှန်ကန်ကန်နဲ့ ထိရောက်စွာ ကြော်ငြာနိုင်မှာဖြစ်ပြီး ရောင်းအားတက်လာစေမှာ အမှန်ပါပဲ။အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက

𝐏𝐡𝐨𝐧𝐞: +959 776 299 099

𝐄𝐦𝐚𝐢𝐥: drnathan.marketing@gmail.com , info@drnathanmarketing.com

Filed Under #Digital Marketing#Dr Nathan Marketing

Share This Insight